Thursday, November 1, 2012

အင်္ဂလိပ်စကားပြော သင်ခန်းစာတွေ အခမဲ့ရယူနိုင်မယ့်နေရာ

အင်္ဂလိပ်စကားပြော သင်ခန်းစာတွေ အခမဲ့ရယူနိုင်မယ့်နေရာ

အင်္ဂလိပ်စာ လေ့လာလိုက်စားသူတွေအတွက် ကိုယ်တိုင်လေ့လာသင်ယူနိုင်တဲ့ အင်္ဂလိပ်စကားပြော သင်ခန်းစာတွေ အခမဲ့ ရယူနိုင်မယ့် Website တစ်ခုပါ။
Free English Now အမည်ရတဲ့ Website မှာ အင်္ဂလိပ်စကားပြောကို စတင်သင်ယူနေသူတွေအတွက် သင့်တော်ပါတယ်။ Spoken English Learned Quickly လို့ ခေါ်တဲ့ အင်္ဂလိပ်စကားပြော သင်ခန်းစာ ပို့ချချက်တွေကို အခမဲ့ Download ရယူနိုင်ပါတယ်။
သင်ခန်းစာတွေကို စာသားဖိုင်တွေနဲ့ အသံဖိုင်တွေ အဖြစ် စီစဉ်ပေးထားပြီး Download ရယူရာမှာ လွယ်ကူစေတဲ့အတွက် Zip ဖိုင်တွေ လုပ်ပေးထားပါတယ်၊ ဒါအပြင် ပို့ချချက်၊ လေ့လာနည်း လမ်းညွှန်၊ ဆရာကိုင်စာအုပ်နဲ့ Print ထုတ်နိုင်တဲ့ စာမျက်နှာ (450) နီးပါးရှိ ကျောင်းသားသုံး စာအုပ်တစ်အုပ်ကိုလည်း စီစဉ်ပေးထားပါတယ်၊ အသံသွင်းထားတဲ့ စကားပြောသင်ခန်းစာ ပို့ချချက်တွေကို ရယူရာမှာ ဗြိတိသျှ၊ စံလေယူ လေသိမ်းနှင့် အမေရိကန်စံလေယူလေသိမ်း နှစ်မျိုးလုံးနဲ့ ရယူနိုင်ပါတယ်၊
အဲဒီအင်္ဂလိပ်စကားပြောသင်ခန်းစာတွေကို ကွန်ပျူတာနှင့်သာမက Mp3 Player နဲ့ ipod တို့နဲ့ပါ လေ့လာနိုင်ပြီး PDF Reader နှင့် Media Player Software တွေကို အခမဲ့ရယူနိုင်ဖို့လည်း ပြည့်ပြည့်စုံစုံ စီစဉ်ပေးထားပါတယ်၊ ပြီးတော့ အဲဒီ ပို့ချချက်တွေကို လွတ်လပ်စွာ တစ်ဆင့် ပြန်လည် ကူးယူခွင့်၊ ရောင်းချခွင့် ပေးထားတာကိုလည်း တွေ့ရပါတယ်၊ ဒီလင့်လေးမှာ http://www.freeenglishnow.com/ သွားရောက်ကြည့်ရှုနိုင်ပါတယ်- အဆင်ပြေပါစေ-

No comments:

Post a Comment

မန်ဘာဝင်ချင်းဖြစ်အားပေးပါ